လက်သည်းတွေကို ဒီလိုတိုက်ချွတ်မှ မှန်တာပါ
30-Oct-2016
တစ်ခုခုလုပ်တိုင်း နည်းလမ်း အမှားနဲ့ အမှန်ဆိုတာရှိပါတယ်။ လက်သည်းတွေ တံစဉ်းဖြင့် တိုက်ပွတ်ပေးရာမှာလည်း ပွတ်တိုက်နည်း မှားကောင်းမှားနေနိုင်ပါတယ်။ လက်သည်းတွေ စည်းစနစ်ကျကျ တိုက်ချွက်သည့်နည်း တချို့ရှိပါတယ်။ လားရာ၊ ဦးတည်ချက်တစ်ခုတည်းဖြင့် တိုက်ပါ။လက်သည်းကို ရှေ့တိုးနောက်ဆုတ် မတိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ လွှက လက်သည်းမှာ ကွဲအက်ကြောင်းရာသေးသေး လေးတွေ ဖြစ်စေပြီး အကြိမ်ကြိမ် ကွဲအက်မှုတွေ ဖြစ်ပေါ်စေတယ်။ ဦးတည်ချက်တစ်ခုနဲ့ပဲ တိုက်ပါ။ ညက်ညောတဲ့တံစဉ်းကို သုံးပါ။ ပင်ကိုယ်မွေးရာပါလက်သည်းတွေ တိုက်မယ်ဆိုပါက သူတို့ အက်ခရီလစ် (acrylic) လက်သည်းတွေထက် များစွာ ပျော့ပျောင်းတာကြောင့် ပိုမိုညင်သာညက်ညောတဲ့ တံစိုးသုံးဖို့ လိုပါလိမ့်မယ်။ မိမိရဲ့ မွေးရာပါလက်သည်းလေးတွေ မကျိုးပဲ့စေချင်ရင် ကြမ်းထော်တဲ့ တံစဉ်းတွေအသုံးပြုခြင်း ရှောင်ပါ။ တံစဉ်းကို ညီအောင်ကိုင်ပါ။ လက်သည်းထိပ် တိုက်ချွတ်တဲ့အခါ တံစဉ်းကို တိမ်းစောင်းမသွားစေဘဲ ညီနေအောင် ကိုင်ထားပါ။ တံစဉ်းစောင်းနေပါက လက်သည်းထိပ်ကို ပါးလွှာစေပြီး ပိုမိုကျိုးလွယ်စေနိုင်ပါတယ်။
Ref:
shefinds.com
Trend Myanmar
၂၅.၁၀.၂၀၁၅
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

